တွမ်ခရုနဲ့အတူ မွေးခဲ့သည့် ကလေးတွေအကြောင်းနီကိုးကစ်မန်း ပြောပြ

ဟောလိဝုဒ်စတား နီကိုးကစ်မန်းဟာ ဟောလိဝုဒ်နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ တွမ်ခရုရဲ့ ဇနီးဟောင်းဖြစ်ပါတယ်။ နီကိုးနဲ့ တွမ်ခရုတို့ဟာ ၁၉၉၀ ပြည့်နှစ်က လက်ထပ်ခဲ့ပြီး အစ္စဘယ်လာနဲ့ ကော်နာဆိုတဲ့ ကလေးနှစ်ဦးကို မွေးစားခဲ့ပါတယ်။

သူတို့ အတူမွေးစားခဲ့တဲ့ကလေးနှစ်ဦးဟာ ဖခင်ဖြစ်သူ ခြေရာလိုက်ပြီး ဆိုင်ရင့်တော် လောဂျစ်ဘာသာဝင်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းကို နီကိုးကစ်မန်း က ပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀ဝ၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြပြီး သူတို့အတူ မွေးစားခဲ့ကြတဲ့ အစ္စဘယ်လာဟာ အခုအခါမှာတော့ အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး ကော်နာ ကတော့ အသက် ၂၄ နှစ်ပါ။ ကွာရှင်းတဲ့အခါ ကလေးတွေက ဖခင်နဲ့အတူနေဖို့ ရွေးချယ်ခဲ့ကြပြီး အခုအခါမှာတော့ နီကိုးက သူ့ရဲ့သားသမီးတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ရှင်းပြခဲ့ပါတယ်။

ကလေးတွေကို ကိုယ်တိုင်မွေးတာပဲဖြစ်ဖြစ်၊ မွေးစားတာပဲဖြစ်ဖြစ်၊ မိခင်ဘဝကတော့ အကောက်အကွေ့တွေများတဲ့ ခရီးရှည်ကို လျှောက်လှမ်းရတာပါပဲ။ ကလေး တစ်ယောက် လိုအပ်တာဟာ ချစ်ခြင်းမေတ္တာပါလို့ The Sun သတင်းစာကို ဖြေကြားခဲ့ပါတယ်။ ရွေးချယ်မှုတွေကို အချစ်အတွက်ပဲ လုပ်ခဲ့တယ်လို့ နီကိုးက ပြောပါတယ်။ သူစလက်ထပ်တုန်းက သူ့အသက်ဟာငယ်သေးပြီး အသက် ၂၇ နှစ်မှာ ကလေးနှစ်ယောက်ရနေပြီလို့ ပြောပါတယ်။ အခုအခါမှာတော့ နီကိုးဟာ ကန်းထရီးအဆိုတော် ကိတ်အာဘန်နဲ့ လက်ထပ်ထားပြီး ဆန်းဒေးရိုစ်နဲ့ ဖိတ်မော်ဂန်ဆိုတဲ့ ကလေးနှစ်ယောက် မွေးထားပါတယ်။

အေအိုအယ်လ်ဒေါ့ကွန်း