တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုသည့်နေ့တွင် ရေနံချောင်းမြို့နယ်၌ ဖြေဆိုသူ ၄.၆၆ ရာခိုင်နှုန်း ပျက်ကွက်

ရေနံချောင်း   ၁၆  မတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက မြန်မာနိုင်ငံ တစ်ဝှမ်းရှိ စာစစ်ဌာနအသီးသီး၌ ဆက်လက်ဖြေဆိုလျက်ရှိရာ မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန ရှစ်ခု၌ စာရင်းရှိ ၃၉၆၉ ဦးအနက် ၃၇၈၄ ဦး လာရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း ၉၅.၃၄ ရာခိုင်နှုန်းရှိကြောင်းနှင့် ဖြေဆိုရန်ပျက်ကွက်သူ ၁၈၅ ဦးရှိကာ ၄.၆၆ ရာခိုင်နှုန်းပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

 

ကိုစိုးကြီး

 

၀၇၈၄၂၂၃၂၄၂