တိုင်းကိုယ်စားပြု အားကစားသမားများပေါ်ထွက်လာအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်လိုအပ်

နေပြည်တော်   ဩဂုတ်  ၂၀

တိုင်းဒေသကြီး၊ ခရိုင်၊  မြို့နယ်များမှ  မျိုးဆက်သစ်အားကစားသမားများ   ရှာဖွေဖော်ထုတ်ပြီး တိုင်းကိုယ်စားပြုအားကစားသမားများ  ပေါ်ထွက်လာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် ပြည်ထောင်စုဝန်ကြီး  ဦးရဲမြင့်ထွန်းသည် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အားကစားခန်းမနှင့်   အားကစားကွင်းများကို   ကွင်းဆင်းကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့်  တောင်ငူခရိုင်အားကစားကွင်း အဆင့်မြှင့်တင်ရေးဆောင်ရွက်ရာတွင် အားကစားကွင်းမြေနေရာတိုးချဲ့ရေးနှင့် ဌာန ပိုင်မြေလွှဲမိန့်များရရှိစေရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း၊ အားကစားကွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ပုံမှန်ထိန်းသိမ်းဆောင်ရွက်သွားရန်၊ Inner Fencing များကို စနစ်တကျ ပြန်လည်ကာရံပြုပြင်သွားရန်၊ လူငယ်လူရွယ်များ အားကစားကွင်းအတွင်း အားကစားလှုပ်ရှားမှုများ နေ့စဉ်မပြတ် လာရောက်လေ့ကျင့် ကစားနိုင်စေရေးနှင့်  တိုင်းဒေသကြီး၊  ခရိုင်၊  မြို့နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ပြီး  တိုင်းကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်လာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပြီး တောင်ငူခရိုင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

သတင်းစဉ်