တီးတိန်မြို့နယ်၌ ရိုးရာခွါဒိုပွဲတော် ပျော်ရွှင်ငြိမ်းချမ်းစွာကျင်းပ

တီးတိန်    အောက်တိုဘာ   ၂၈

ရိုးရာခွါဒိုပွဲတော်ကို ချင်းပြည်နယ် တီးတိန်မြို့နယ် ရှောင်စောန်းစံပြကျေးရွာ၌ ယမန်နေ့က ကျင်းပသည်။

ရှေးဦးစွာ တီးတိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး  ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ရိုးရာအကများနှင့် ရိုးရာဝတ်စားဆင်ယင်မှုများပြသခြင်း၊ စုပေါင်းအကများဖြင့် ခွါဒိုပွဲတော်ကို ပျော်ရွှင်စွာကျင်းပခဲ့ကြသည်။

ခွါဒိုပွဲတော်သည် ချင်းတိုင်းရင်းသားမျိုးနွယ်စုတစ်ခုဖြစ်သော ဇိုမီးလူမျိုးနွယ်စုတို့၏ အမွန်မြတ်ဆုံးနှင့် အရေးကြီးဆုံးပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)