သက်လတ်ပိုင်းအရွယ်၌ တစ်နေ့တစ်နေ့ တီဗွီရှေ့တွင် အချိန်ကြာကြာထိုင်ကြည့်ခြင်းသည် အနှစ် ၂၀ ကျော်လာချိန်၌ ဦးနှောက်ကို ထိခိုက်ပြောင်းလဲစေနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။
တီဗွီကြည့်ခြင်းသည် တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ခြင်းထက် အလုပ်များစွာ ပိုလုပ်ရသောကြောင့် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်လာချိန်တွင် မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ သွေးကြောထိခိုက်ခြင်း၊ ဒီမန်းရှားဟုခေါ်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်လာစေသည်ဟု အယ်လ်ဇိုင်းမားအဖွဲ့က ထုတ်ဝေ သည့် အယ်လ်ဇိုင်းမားနှင့် ဒီမန်းရှားဂျာနယ်မှ သုတေသနစာတမ်းတစ်ခုတွင် ဖော်ပြထားသည်။
သုတေသနကို ဦးဆောင်ခဲ့သော တောင်ကာရိုလိုင်းနားတက္ကသိုလ် ဒွန်းဆစ်ဖ်ဝိဇ္ဇာသိပ္ပံကောလိပ်မှ ဇီဝသိပ္ပံ ပါမောက္ခ ဒေးဗစ်ရေ့ချ်လန်က “လူတွေ ဘယ်လောက်အထိ အထိုင်များကြလဲဆိုတာကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ လေ့လာခဲ့တာပါ။ အဲဒီလို လေ့လာနေရင်းနဲ့ လူတွေထိုင်နေရင်း ဘာလုပ်ကြလဲဆိုတာကိုပါ အလေးပေးဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ တွေ့လာခဲ့ပါတယ်”လို့ ဆိုတယ်။
သုတေသနမှာပါဝင်ခဲ့တဲ့ လူသားနှင့် ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင် နေသန်ဖီတာကလည်း “လူတွေကို အကြာကြီး မထိုင်ကြဖို့ ကျွန်တော်တို့ မကြာမကြာတိုက်တွန်းပေးပါတယ်။ ဒါပေမဲ့ ပညာရှင်တွေကတော့ ထိုင်နေရင်း ဘာလုပ်လဲဆိုတာကိုပါ ချဲ့ထွင်လေ့လာကြပါတယ်။ အဲဒါက ဦးနှောက်ကို ထိခိုက်တာမျိုးတွေရှိလာ နိုင်စေလို့ပါ”ဟု ဆိုသည်။
လူတို့ကို လှုပ်ရှားမှုများများလုပ်ဖို့ တိုက်တွန်းခြင်းမှာ မလုံလောက်၊ ကျန်းမာရေးလမ်းညွှန်များထဲတွင် တီဗွီကြည့်မည့်အစား အခြား စိတ်အာရုံစူးစိုက်မှုများ၊ သင်ယူမှုများ၊ ဖန်တီးမှုများ၊ လူမှုဆက်ဆံရေးများဖြင့် အစားထိုးရန် ထည့်သွင်းသင့်ကြောင်းလည်း အဆိုပါတွေ့ရှိချက်က ထောက်ပြထား သည်။
Ref: scitechdaily


