တောင်တွင်းကြီး ဩဂုတ် ၂၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တွင် သီးနှံမျိုးစုံကိုရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ယခုနှစ်မိုးရာသီးတွင် မိုးစပါးလျာထားစိုက်ဧက(၉၇၇၇၅)အနက် ယနေ့အထိ(၆၈၃၆၄)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယခင်နှစ်မိုးရာသီ မိုးစပါးကို လျာထားချက်ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် စပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပိုးမွှားများကင်းစင်ရေး၊ပေါင်းမြက်ကင်းရှင်းရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့်ပိုးပြေးဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကာ အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)


