တောင်ငူမြို့၌ ရေကြီးရေလျှံမှုကာကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

တောင်ငူ စက်တင်ဘာ ၂၈

 

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ ရေကြီးရေလျှံမှု ကာကွယ်နိုင်ရေးအတွက် မြို့၏ပင်မရေနုတ်မြောင်းဖြစ်သည့် (၁၁)ရပ်ကွက် ကန်တော်လမ်းရှိ ရေနုတ်မြောင်းအား ယနေ့မွန်းလွဲပိုင်းတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ဘက်ဟိုးယာဉ်ဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ကြည့်ရှုစစ်ဆေးပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက လုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)