တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၄ ဦး ရှိ

၁၁ ဩဂုတ်

 

 

တောင်ကိုရီးယား နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၃၄ ဦး ရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၁၄၆၆၀ ဦး အထိ မြင့်တက်လာသည်ဟု သတင်းထုတ်ပြန်ထားသည်။

 

 

ပြည်ပပြန်လာသူများနှင့် အစုအပြုံလိုက် ကူးစက်မှုများကြောင့် နေ့စဉ် ကူးစက်မှုမှာ မကြာသေးမီ ရက်များအတွင်း ဦးရေ ၂၀ နှင့် ၅၀ အကြားတွင် ရှိသည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၁၁ ဦး မှာ ပြည်ပပြန်များဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၂၅၇၂ ဦး အထိ ရှိလာသည်။

 

 

ဘုရားကျောင်းနှင့် ဆက်စပ်သည့် ကူးစက်မှုများကြောင့် ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာသည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ မရှိကြောင်း အတည်ပြုထားပြီး သေဆုံးသူ ၃၀၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။ သေဆုံးမှုနှုန်းမှာ စုစုပေါင်း ၂ ဒသမ ဝ၈ ရာခိုင်နှုန်း ရှိသည်။

 

 

ကူးစက်ခံရပြီး ကျန်းမာရေး ကောင်းမွန်လာသဖြင့် သီးသန့် ကန့်သတ်ထားရာ နေရာမှ ၇၁ ဦး  ထပ်မံထွက်ခွာခွင့် ရရှိခဲ့ရာ စုစုပေါင်း ၁၃၇၂၉ ဦး ရှိလာသည်။ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှုနှုန်း ၉၃ ဒသမ ၆၅ ရာခိုင်နှုန်း ရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့ ကတည်းက နိုင်ငံအတွင်း လူပေါင်း ၁ ဒသမ ၆၃ သန်းကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ၁၆၀၅၆၉၅ ဦးမှာ ရောဂါကူးစက်မှု မတွေ့ရှိကြောင်းနှင့် ၁၇၄၈၉ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို