တောင်ကြီးမြို့၌ ရှမ်းပြည်နယ်ဆောက်‌လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်

တောင်ကြီး အောက်တိုဘာ ၂၉

 

ရှမ်းပြည်နယ် ဆောက်‌လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းနှင့် အဖွဲ့ဝင်သစ်များ ဖိတ်ခေါ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက တောင်ကြီးမြို့ Commercial Centre(City Square)ရှိ အစည်းဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ သဘာပတိအဖွဲ့ဝင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်လင်းအောင်က ၂၀၁၉ မှ ၂၀၂၆ ခုနှစ်အတွင်း အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်တစ်ဦးက အလုပ်အမှုဆောင်အဖွဲ့ဝင်သစ် အမည်စာရင်းများကို ဖတ်ကြားတင်သွင်းရာ သဘာပတိက အမည်စာရင်းအား အတည်ပြုပေးသည်။

 

ထို့နောက် အသင်းဥက္ကဋ္ဌသစ်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သဘာပတိအဖွဲ့ဝင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။  

မင်းသန့်(ပြန်/ဆက်)