တောင်ကြီး သြဂုတ် ၁၇
တောင်ကြီးမြို့ ကံကြီးရပ်ကွက် ထီးဖောင်းကျေးရွာအုပ်စုတွင် လေးခန်းတွဲ လေးထပ် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အငှားအိမ်ရာများ ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောက်လုပ်နေမှုကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ (အပေါ်ပုံ)မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တောင်ကြီးမြို့ ထီးဖောင်းကျေးရွာတွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အငှားအိမ်ရာများ အကွက်ချပုံစံ၊ အခန်းဖွဲ့စည်းပုံတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


