ဇာဂရက်ဗ် ဩဂုတ် ၁၄
ခရိုအေးရှားနိုင်ငံတောင်ပိုင်း အိုမစ်မြို့တွင် တောမီးလောင်မှု အကြီးအကျယ် ဖြစ်ပွားနေသည့်အတွက် ဒေသခံနှင့် ခရီးသွား ၁၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာတွင် ဩဂုတ် ၁၄ ရက်က ဖော်ပြထားသည်။
တောမီးလောင်မှု ဖြစ်ပွားရာ တစ်လျှောက်ရှိ လူများကို ထပ်မံ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးရ ဖွယ်ရှိသည်ဟု အိုမစ်မြို့တော်ဝန် ဇဗွန်ကို မိုချစ်က ပြောသည်။
လော့ဗာ ရိုဂေါ့ဇ်နစ်ကာ ကျေးရွာအနီးတွင် ဩဂုတ် ၁၃ ရက် ည ၈ နာရီ ၂၁ မိနစ်က တောမီးစတင်လောင်ခဲ့ပြီး အိုမစ် မြို့အထက်ပိုင်း နေရာများသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။ မော်တော် ယာဉ်များနှင့် နေအိမ်များ မီးလောင်ခံရမည့် အန္တရာယ်ရှိသည်ဟု ဟီနသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။ မီးသတ်ကား ၄၄ စီးနှင့် မီးသတ်သမား ၁၅၇ ဦးဖြင့် ညလုံးပေါက် မီးငြှိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


