တွစ်တာပေါ်မှာ ကမ္ဘာတစ်ဝန်းက နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ကြေငြာတွေအတွက် နေရာမပေးနိုင်

၃၁ အောက်တိုဘာ

 

 

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ကြေငြာတွေကို တွစ်တာ (Twitter) က ပိတ်ပင်တားမြစ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေ က မနေ့က ပြောကြားပါတယ်။ လူမှုမီဒီယာတွေကို အသုံးချပြီး နိုင်ငံရေးသမားတွေက သတင်းမှားတွေကို ထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေ ကြီးထွားလာစဉ်မှာ အမှုဆောင် အရာရှိချုပ် ဂျက် က အခုလို တွစ်တာကနေတဆင့် ပြောကြားတာဖြစ်ပါတယ်။

 

1

 

 

အခုတားမြစ်ချက်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ရာ စည်းမျဉ်းအသေးစိတ်ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်မှာဖြစ်ပါတယ်။

 

 

တွစ်တာရဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတလောင်း ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် ကြိုဆိုကြောင်း သူမရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။

 

 

ဖေ့စ်ဘွတ် (Facebook) တည်ထောင်သူ မက်ခ် ဇူကာဘတ် ကတော့ သူ့ကုမ္ပဏီရဲ့ စည်းမျဉ်းကို ကာကွယ်တဲ့ အနေနဲ့ ဒီမိုကရေစီစနစ်မှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကနေ သတင်းတွေနဲ့ နိုင်ငံရေးသမားတွေကို ဆင်ဆာဖြတ်ဖို့ဆိုတာ မသင့်တော်ဘူးလို့ သူ့အနေနဲ့ထင်ကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ ပြောကြားသွားပါတယ်။

 

 

 

MDN

ကိုးကား - AFP