နေပြည်တော် အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁)နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ Video Message ပေးပို့မိန့်ခွန်းပြောကြားသည်။
အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ နှင့် ကော်မတီအဖွဲ့ဝင်များ၊ NSPNC အကြံပေးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက် သူများ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ မွန်ပြည်သစ် ပါတီ(NMSP)နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ၊ နိုင်ငံရေး ပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
အဖွင့်မိန့်ခွန်းပြောကြား
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။ (နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်းကို ရှေ့ဖုံးတွင် ဖော်ပြထားပါသည်။)
ထို့နောက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာ စကားပြောကြားသည်။
ယင်းနောက် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် NCA လက်မှတ် ရေးထိုးပြီးနောက် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်မှု များအား Video Clip ဖြင့် အကျဉ်းချုံး ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ NCA လက်မှတ် ရေးထိုးပွဲ၌ နိုင်ငံတကာအသိသက်သေ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များက Video Message ဖြင့် NCA အထိမ်းအမှတ်စကား ပြောကြားကြသည်။
ထို့နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများနှင့် NCA လက်မှတ်ရေးထိုးပွဲ၌ ပါဝင်ခဲ့ကြသော အသိသက်သေများဖြစ်ကြသည့် ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုး၊ UPWC ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး(အငြိမ်းစား)၊ ညှိနှိုင်းရေး ကော်မတီ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းနှင့် UPWC ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး(အငြိမ်းစား)၊ ညှိနှိုင်းရေး ကော်မတီ အကြံပေးအဖွဲ့ဝင် ဦးသိန်းဇော်တို့က NCA အထိမ်း အမှတ် အမှတ်တရစကားများ ပြောကြားကြသည်။
ယင်းနောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့မှ ခေါင်းဆောင်များက NCA အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားကြသည်။
ဆက်လက်၍ NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောပုဂ္ဂိုလ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးခဲ့စဉ်က ကိုယ်တိုင်ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော ပုဂ္ဂိုလ်များ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပံ့ပိုးကူညီပေးခဲ့ကြသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ချီးမြှင့်၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
မွန်းလွဲပိုင်းတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုး တိုးတက်ရေးဆီသို့” အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပ သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်း ရေးကော်မတီဝင်များ၊ NSPNC အကြံပေးအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင် သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့ အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် မီဒီယာများ တက်ရောက်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အလုပ်ရုံဆွေးနွေးပွဲကို “ငြိမ်းချမ်း ရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆောင်ပုဒ်ဖြင့် နှစ်ရက်တာနိုင်ငံ ရေးအနှစ်သာရရှိရှိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် “NCA မှ အတွေ့အကြုံ၊ အောင်မြင်မှုနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်၍ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်၊ ဒုတိယနေ့တွင် အဖွဲ့နှစ်ဖွဲ့ခွဲပြီး အဖွဲ့(၁)က “ပဋိပက္ခဖြစ်ပွားနေသောဒေသများတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုသဟဇာတ ဖြစ်ထွန်းရေးအတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်း လမ်းများ ဖော်ထုတ်လေ့လာခြင်း” ခေါင်းစဉ်၊ အဖွဲ့(၂)က “ငြိမ်းချမ်းရေးနှင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်အသက် မွေးဝမ်းကျောင်း အခွင့်အလမ်းများ မြှင့်တင်မှုအကြား အပြန်အလှန်ဆက်နွှယ်မှု နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် အကူအညီ များ ထိရောက်စွာဆောင်ရွက်နိုင် ရေး” ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊ ဆွေးနွေး ရာတွင် အကောင်အထည်ဖော်နိုင်ခဲ့မှုများ၊ အောင်မြင်မှုများ၊ သင်ခန်းစာများ၊ အချင်းချင်းအမြင်သဘောထားများ၊ အတွေ့အကြုံများ မျှဝေဖလှယ်ခြင်းဖြင့် အလွတ် သဘော ကျယ်ပြန့်စွာဆွေးနွေးစေ လိုကြောင်း၊ မတူကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ၊ ဘာသာ စကားများ၊ ကိုးကွယ်ယုံကြည်မှုများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ စုစည်းတည်ရှိနေသည့် မိမိတို့ ပြည်ထောင်စု နိုင်ငံတော်အတွင်း ပဋိပက္ခ၏ အဓိကဇာစ်မြစ်ဖြစ် သည့်သံသယများကို ကျော်လွှား နိုင်ရန် လူမှုသဟဇာတဖြစ်မှုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ သတိထားရမည့်စိန်ခေါ် မှုများနှင့် အနာဂတ်တွင်ပေါ်ပေါက်လာနိုင်မည့် ခြိမ်းခြောက်မှုများကို သိရှိပြီး ငြိမ်းချမ်းရေးတွင်ပါဝင်သူများအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် တည်ဆောက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင် ရွက်ခဲ့ကြသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့မှ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည် တော်များက “NCA မှ အတွေ့ အကြုံ၊ အောင်မြင်မှုနှင့် စိန်ခေါ်မှု များကို ပြန်လည်သုံးသပ်၍ အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နည်းလမ်းများ ဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ သဘာပတိအဖြစ် ဦးအောင်နိုင်ဦးက ဆောင်ရွက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ ဦးလှမောင်ရွှေနှင့် RCSS မှ စဝ်စိုင်းငင်းတို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA ပါ ပြဋ္ဌာန်း ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ သင်ခန်းစာဖော်ထုတ်ရေး၊ NCA အနှစ်သာရနှင့် NCA ပါအခြေခံမူ များကိုထိန်းသိမ်းပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ မတူ ကွဲပြားသည့် သက်ဆိုင်သူများအကြား ဆက်ဆံရေးကောင်းမွန်လာပြီး ယုံကြည်လက်ခံနိုင်သော ပေါင်းစည်း ချိတ်ဆက်မှုဖြင့် ယုံကြည်မှု တည်ဆောက်ရေး၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်းနှင့် ချိတ်ဆက်နိုင်သောနိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားရေးတို့နှင့်ပတ်သက်ပြီး သဘောထား အမြင်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ သဘာပတိက နိဂုံးချုပ်ပြန်လည် သုံးသပ်ဆွေးနွေးပြီး ပထမနေ့ အလုပ်ရုံဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ဒုတိယနေ့ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


