ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပဒေသာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် စက်မှုလက်မှု (၁) လမ်း အမက (၃၀) တာမွေ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌ ဦးကျော်မြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အသင်း၏ အခြေအနေများကို ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီရိမွန်က သမဝါယမဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး အမှုဆောင်သစ် ငါးဦးအား အတည်ပြုချက်ရယူသည်။ ယင်းနောက် အသင်းသားများအား အစုပေါ်အမြတ်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဗလ


