တာလေ၌ အရသာထူးကဲသော ကျွဲကောသီးများ လှိုင်လှိုင်ထွက်ကာ ဈေးကောင်းရောင်းချရ၍ မိသားစုအပိုဝင်ငွေရရှိ

တာလေ   အောက်တိုဘာ    ၁၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာလေမြို့တွင် အရသာထူးကဲသော ဒေသထွက်ရာသီစာ ကျွဲကောသီးများ ကို ဒေသအတွင်း ကျေးရွာများမှ တိုင်းရင်းသားများအချို့မှ တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအခါ အသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ အရသာထူးကဲပြီး ဈေးကောင်းရောင်းချရ၍ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

 

တာလေမြို့တွင် ကျွှဲကောသီးများကို ဒေသအတွင်း ကျေးရွာအချို့မှ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများအတွင်း အရိပ်ရသစ်ပင်အ​ဖြစ် စိုက်ပျိုးကြပြီး အချို့တွင် ဥယာဉ်ခြံမြေများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကာ ယခုအချိန်တွင်အသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဆွတ်ခူးရောင်းချချိန်​ဖြစ်၍ ​နေ့စဉ်မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။

 

အဆိုပါ ကျွဲကောသီးများ ရောင်းချရာတွင် နေ့စဉ်သွားလာ​​​နေကြသော ခရီးသွားများ ဒေသအတွင်း အဓိကဝယ်ယူစားသုံးသူများကို အသီး၏ အရွယ်အစားပေါ်မူတည်၍ တစ်လုံးကို ထိုင်းဘတ်ငွေ (၈)ဘတ်မှ (၁၀)ဘတ်အထိ ရောင်းချကြပြီး တစ်ဆင့် ဖောက်သည်ဝယ်ယူသူများအား တစ်လုံးကို ထိုင်းဘတ်ငွေ(၈) ဘတ်ဖြင့်  ရောင်းချရကြောင်းနှင့် ကျွှဲကောများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားခြင်းဖြင့် အသီးများသီးချိန်တွင် မိသားစုအတွက် တစ်ဘက်တစ်လှမ်းမှ အပိုဝင်ငွေရရှိကြောင်း ကျွဲကောသီးရောင်းချနေသူ ဒေသခံတစ်ဦးထံမှ သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)