TikTok ဆော့နေစဉ် ရထားတိုက်မိတဲ့အတွက် လူငယ်တစ်ဦး သေဆုံး

ကရာချိ၊ ၂၃ ဇန်နဝါရီ

 

ပါကစ္စတန် နိုင်ငံမှာTikTok ဆော့နေစဉ် ရထားတိုက်မိတဲ့အတွက် လူငယ်တစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့က စနေနေ့မှာ အတည်ပြုပြောကြားပါတယ်။

 

ရာဝါပင်ဒီမြို့ အနီးက ရှာခါလီရှိ မီးရထားလမ်းပေါ်မှာ TikTok ဆော့နေတဲ့ အသက် ၁၈ နှစ်အရွယ် ဟမ်ဆာ နာဗီဟာ အရှိန်နဲ့လာတဲ့ မီးရထား တိုက်ပြီး သေဆုံးခဲ့တာလို့ သေဆုံးသူရဲ့ သူငယ်ချင်းက ပြောပါတယ်။

 

ပါကစ္စတန်နိုင်ငံဟာလည်း တခြားနိုင်ငံတွေနည်းတူ ဆိုရှယ်မီဒီယာ အသုံးပြုတဲ့ လူတွေအများစုဟာ ဆယ်လ်ဖီရိုက်ခြင်းနဲ့ ဗီဒီယို ရိုက်တင်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP