ရန်ကုန် ဩဂုတ် ၂၃
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် အာမခံကြေးငွေ ဘတ် ၁ သန်း ပေးအပ်ခဲ့ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရသည်။
ထိုင်းနိုင်ငံ နခွန်ရတ်ချာစီမာ ခရိုင်၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရာမှ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မောင်ပြာအတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီမှ ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၁ သန်းအား ထုတ်ယူရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဩဂုတ် ၁၇ ရက် မွန်းလွဲပိုင်းအချိန်တွင် အလုပ်သမား သံအရာရှိရုံး၌ ဖခင်ဖြစ်သူ ဦးခွန်ကျော်ဇောထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား သံအရာရှိရုံးမှ သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်ကြားလိုပါက အလုပ်သမား သံအရာရှိရုံး (Call Center) 020030015၊ အလုပ်သမားသံမှူး (ဗန်ကောက်) 0618108454၊ အလုပ်သမားသံအရာရှိ (ဗန်ကောက်) 0626890119၊ အလုပ်သမား သံအရာရှိ (ဗန်ကောက်) 0652206952၊ အလုပ်သမား သံအရာရှိ (မဲဆောက်) 0652206953၊ အလုပ်သမားသံအရာရှိ (ချင်းမိုင်) 0945866607၊ အလုပ်သမား သံအရာရှိ (ရနောင်း) 0634818121 ရှိ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း တိကျစွာသတင်းပေးပို့ပြီး အကူအညီတောင်းခံ တိုင်ကြားနိုင်ကြောင်း သိရသည်။
MT


