ထိုင်းနိုင်ငံတွင် နှစ်သစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၂၅၆ဉီး၊ ၂၅၈၈ ဉီး ဒဏ်ရာရရှိ

၂ ဇန်နဝါရီ

ပြီးခဲ့သည့် နှစ်သစ်ကူးအားလပ်ရက်များတွင် ယာဉ်တိုက်မှုပေါင်း ၂၅၂၉ မှုဖြစ်ပွားခဲ့ပြီး  ငါးရက်အတွင်း ၂၅၆ မှု မြှင့်တက်ခဲ့ကြောင်း ပြည်သူ့ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

 

r1

 

နှစ်သစ်ကူးအကြိုလှုပ်ရှားမှုအတွင်း  လူပေါင်း ၄၂ ဉီး သေဆုံးခဲ့ပြီး ၅၆၇ ဉီးမှာ ဒဏ်ရာရရှိခဲ့သည်။ ငါးရက်ကြာ ကျင်းပသည့် နှစ်သစ်ကူးအားလပ်ရက်အတွင်း ဒဏ်ရာရရှိသူပေါင်း ၂၅၈၈ ဉီးရှိခဲ့ကြောင်း DDPM က ထုတ်ပြန်ခဲ့သည်။ 

 

မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်မှုကြောင့် မတော်တဆဖြစ်ပွားမှု နှုန်းမှာ ၃၂ ဒသမ ၂၉ ရာခိုင်နှုန်းရှိကြောင်းနှင့် ၂၉ ဒသမ ၅၂ ရာခိုင်နှုန်းမှာ အရှိန်မြှင့်၍ မောင်းနှင်မှုကြောင့်ဖြစ်ကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။

 

ယမန်နေ့ညအထိ  အများပြည်သူသုံးဘတ်စ်ကားများဖြင့် နှစ်သစ်ကူးပျော်ပွဲရွင်ပွဲမှပြန်လာသူ ၁၃၀၀၀၀ ခန့်မှာ ဘန်ကောက်သို့ ပြန်လာမည်ဟု ခန့်မှန်းထားပြီးနောက် ခရီးသွားဝန်ဆောင်မှု တိုးမြှင့်ပေးနိုင်ရန်အတွက် ဘတ်စ်ကားများကို သောကြာနေ့အထိ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း  နိုင်ငံပိုင်သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ပြောကြားခဲ့သည်။ 

 

ကိုးကား-ဆင်ဟွာ


ဘာသာပြန်-မေဇော်ထက်