ထိုင်းနိုင်ငံရှိ ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာအတွင်း ယာဉ်တိုက်မှုဖြစ်

ဘန်ကောက်   ဩဂုတ်   ၉

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်ရှိ ကလေးသူငယ် ဖွံ့ဖြိုးရေးစင်တာအတွင်း ကားတစ်စီးဝင်တိုက်ခဲ့သဖြင့် အနည်းဆုံး ကလေး  ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဒေသန္တရမီဒီယာသတင်းများအရ သိရသည်။

ကလေးများ အိပ်နေချိန်တွင် အဆိုပါကားသည် အရှိန်မထိန်းနိုင်ဘဲ စင်တာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး စင်တာရှိ နံရံကို ဝင်တိုက်ခဲ့ရာမှ နံရံရှိ   အင်္ဂတေအပိုင်းအစများ လွင့်စင်ကာ ကလေးများအား ထိမှန်ခဲ့ကြောင်း သိရသည်။

ရှေးဦးစစ်ဆေးချက်များအရ ယာဉ်မောင်းသူ ရုတ်တရက်ကျန်းမာရေးချို့ယွင်းမှုကြောင့် ယခုဖြစ်ရပ်ဖြစ်ပွားခြင်းဖြစ်ပြီး ယာဉ်မောင်းသူအပါအဝင် ခရီးသည်များ  ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။                      

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ