ထိုင်းနိုင်ငံ၌ WLC - 14: LETHWEI SHOWCASE ပြိုင်ပွဲတွင် မြန်မာကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၂၁ စက်တင်ဘာ

ထိုင်းနိုင်ငံ၌ ကျင်းပမည့် WLC -14 – LETHWEI SHOWCASE  ပြိုင်ပွဲကိုစက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲငါးချီ စိန်ခေါ်ပွဲတွင် လိုက်ဝယ်လ်တာဝိတ် (၆၀ - ၆၃.၅ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ ပြိုင်ပွဲ၌ အန်တို နီယိုဖာရီယာ (ပေါ်တူဂီ) နှင့် ဖရန်စစ္စကို မီညာလက်စ် (စပိန်)၊ မစ်ဒယ်ဝိတ် (၇၁ - ၇၅ ကီလို)  ပြိုင်ပွဲ၌ ဆန်းဆွက် (ထိုင်း) နှင့်နီကိုမန်ဒက်စ် (စပိန်)၊လိုက်မစ်ဒယ်ဝိတ် (၆၇ - ၇၁ ကီလို) ပြိုင်ပွဲ၌လီဟာနီဟန်းနရစ် (ဘရာဇီး)နှင့် ဝလာဒီမာရှူးလက်ခ် (ရုရှား)၊ လိုက်ဝယ်လ်တာဝိတ် (၆၃ - ၆၃.၅ ကီလို)  ပြိုင်ပွဲ၌စောလှမင်း (မြန်မာ)နှင့် ယိုရယ်လ်ပီကေး (အာဂျင်တီးနား)၊ဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) ပြိုင်ပွဲ၌ ဖကျော်ဟဲ (မြန်မာ)နှင့် ဘန်ဒါဆက် (ထိုင်း)၊ ဘင်တန်ဝိတ် (၅၁ - ၅၃ ကီလို) ပြိုင်ပွဲ၌ ဂျေးချေ (မြန်မာ)နှင့် အယ်လ်လန်ဂါရီအာယွတ် (မော်ရိုကို)တို့က လည်းကောင်း အမျိုးသမီးဘင်တန်ဝိတ် (၅၁ - ၅၄ ကီလို) သုံးချီပြိုင်ပွဲ၌ ပက်ခ်ျနာရီ(ထိုင်း)နှင့် မိုင်ရီယမ်ဆာ ဘော့တ် (အီတလီ)တို့ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့၊ ညနေ ၆ နာရီမှစတင်ပြီး ပွဲကြိုသုံးသပ်မှုနဲ့အတူ ထုတ်လွှင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာလင်း