ထိုင်းနိုင်ငံ၌ ၂၀၂၁ ခုနှစ်နှစ်လယ်တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှု စတင်မည်

၂၅  နိုဝင်ဘာ

           

ပြည်တွင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်မှုကို ၂၀၂၁ ခုနှစ် နှစ်လယ်တွင် စတင်ရန် စီစဉ်နေကြောင်း ထိုင်းအမျိုးသား ကာကွယ်ဆေးအင်စတီကျု့က ပြောကြားလိုက်သည်။

           

AstraZeneca နှင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်ရေးနည်းပညာ လွှဲ ပြောင်းပေးမည်ဟု ထိုင်းအမျိုးသား ကာကွယ်ဆေးအင်စတီကျု့မှ ညွှန်ကြားရေးမှူး နာခွန်ပရမ်ဆရီက ပြောသည်။

           

တတိယအဆင့် လက်တွေ့စမ်းသပ်မှုတွင် ပျှမ်းမျှ ၇၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိသည့် ကာကွယ်ဆေး မဟာမိတ်အဖွဲ့၏ စီမံကိန်းတွင် ထိုင်းနိုင်ငံက ပါဝင်ခဲ့ကြောင်း ၄င်းက ပြောသည်။

           

ထိုင်းနိုင်ငံနှင့် အခြား အာဆီယံနိုင်ငံများ၌ အသုံးပြုမည့် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၈၀ မှ သန်း ၂၀၀ အထိ နှစ်စဉ် ထုတ်လုပ်သွားရန် ထိုင်းဆေးဝါးကုမ္ပဏီ Siam Bioscience က AstraZenaca ကုမ္ပဏီနှင့် ဆေွးနွေးလျက်ရှိသည်။

           

နောက်လတွင် ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည့်အုပ်စုများကို အမျိုးသားကာကွယ်ဆေး ကော်မတီက ဆုံးဖြတ်မည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာနက ပြောကြားသည်။

           

အခြေခံအားဖြင့် ကိုဗစ်ကာကွယ်ဆေးကို ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရှေ့တန်းမှပါဝင်နေသည့် ကျန်းမာရေးလုပ်သားများနှင့် ကူးစက်နိုင်ချေမြင့်မားသူများဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။

 

ကိုးကား--Xinhua