ထိုင်းနိုင်ငံက ကမ်းခြေတချို့နဲ့ အနှိပ်ခန်းတွေ ပြန်ဖွင့်ပြီ

၂ ဇွန်

 

ထိုင်းနိုင်ငံ ကမ်းခြေတချို့ကို တနင်္လာနေ့ကစပြီး ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ကပ်ရောဂါထိန်းချုပ်ရေးအတွက် တစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၃ ပေအကွာမှာ နေကြဖို့ တာဝန်ရှိသူတွေက ဆော်ဩနေပါတယ်။ လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက စတင်ပိတ်ထားတဲ့ ပတ္တရားကမ်းခြေကို ရောက်ရှိနေတဲ့ ဂျာမန်လူမျိုး ဟေဒီက အိမ်ထဲမှာနေခဲ့ရတဲ့အတွက် ကမ်းခြေဖွင့်ဖွင့်ခြင်း ရောက်ရှိသွားရာ ကမ်းခြေဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကလို သန့်ရှင်းနေတယ်လို့ ဆိုပါတယ်။

 

အသွားအလာကန့်သတ်ထားချိန်မှာ ထိုင်းနိုင်ငံက ကမ်းခြေအားလုံးဟာ ပိတ်ထားတာ မဟုတ်ဘဲ တချို့ ကမ်းခြေတွေက ဉပမာ ဟွာဟင်းကမ်းခြေဟာ တစ်ချိန်လုံးဖွင့်ထားတာကို တွေ့ရပါတယ်။

 

ထိုင်းနိုင်ငံမှာ အသွားအလာကန့်သတ်မှုကို မတ်လလယ်က စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ကျန်းမာရေးအရ အရေးပေါ်အခြေအနေကို ကြေညာထားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ကမ်းခြေတွေ၊ ဈေးဝယ်စင်တာတွေ၊ အပန်းဖြေနေရာတွေနဲ့ လူအများစုဝေးနိုင်တဲ့နေရာတွေကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

 

မေလမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နည်းပါးသွားတဲ့အတွက် ဇွန် ၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံတွေ၊ တက်တူးထိုးတဲ့ စတူဒီယိုတွေနဲ့ အနှိပ်ခန်းတွေပါ ပြန်လည်လည်ပတ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ 

 

ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၀ဝဝ ကျော်ရှိပြီး သေဆုံး၅၇ ဦးရှိကြောင်း ဇွန် ၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP