ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန်   ဩဂုတ်   ၂

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ထိုင်းနိုင်ငံ၌ကျင်းပမည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲအမျိုးအစား လေးမျိုး၊ အမျိုးသမီးပြိုင်ပွဲအမျိုးအစားသုံးမျိုး ယှဉ်ပြိုင်မည်ဖြစ်သည်။   

မြန်မာပိုက်ကျော်ခြင်းအသင်းသည်  အမျိုးသားပွဲစဉ်များအဖြစ် အသင်းလိုက် သုံးယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ လေးယောက်တွဲပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၊ အမျိုးသမီးပွဲစဉ်များအဖြစ် နှစ်ယောက်တွဲပြိုင်ပွဲ၊ လေးယောက်တွဲပြိုင်ပွဲနှင့် ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အဖွဲ့ခေါင်းဆောင်  ဦးသန်းလွင်၊ နည်းပြ(အမျိုးသားအသင်း)- ဦးကျော်မင်းစိုး၊ ဦးထက်ဇော်၊ နည်းပြ(အမျိုးသမီးအသင်း) ဦးအောင်ချိုမြင့်၊ ဒေါ်နမ့်ယဉ်ယဉ်မြင့်၊ ကစားသမားများအဖြစ် အမျိုးသား - ထူးအောင်ကျော်၊  ဟန်ဝင်းထွဋ်၊ ထွန်းဝဏ္ဏအောင်၊ အောင်ဇော်ဟိန်း၊ ရဲထက်၊ ချစ်လွန်းပို၊ အောင်မျိုးကျော်၊ ကျော်မင်းသူ၊ ဇော်မင်းခန့်၊ အောင်အောင်၊ ရန်ပိုင်စိုး၊  သက်ပိုင်စိုး၊  ဇင်လင်းထူး၊  အမျိုးသမီး-ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ စန်းသီတာမိုး၊ ဖူးဖူး၊ ဆုမွန်ကျော်၊ နှင်းနှင်းဝေ၊ နန့်မေသူထွေး၊ ရွှန်းလဲ့ဇင်တို့ ပါဝင်ကြသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အောင်မြင်မှုများလည်း ရယူနိုင်ခဲ့သည်။                       

သတင်း - မောင်စံကြီး

ဓာတ်ပုံ - ISTAF