ထိုင်းအစိုးရက ဂလိုက်ဖို့ဆေ့နဲ့ တခြား ပိုးသတ်ဆေးတွေကို တားမြစ်

၂၄ အောက်တိုဘာ

 

 

ထိုင်းနိုင်ငံကို တင်သွင်းနေတဲ့ စိုက်ပျိုးရေးအတွက် အသုံးပြုသော ဂလိုက်ဖို့ဆေ့နဲ့ တခြား ပိုးသတ်ဆေး နှစ်မျိုးကို အင်္ဂါနေ့က ပိတ်ပင်လိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းကို အလုပ်ပေးထားတဲ့ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပြီး ကမ္ဘာကို ဆန်နဲ့ သကြား အများဆုံး တင်ပို့ရောင်းချနေတဲ့ နိုင်ငံဖြစ်ပါတယ်။

 

 

ထိုင်းနိုင်ငံက ပိတ်ပင်လိုက်တဲ့ ဂလိုက်ဖို့ဆေ့ (glyphosate) နဲ့ ဓါတုပိုးသတ်ဆေးတွေဖြစ်တဲ့ ပါရာကွပ် (paraquat) နဲ့ ခရိုပြူရိုဖေ့စ် (chlorpyrifos) တွေ ဖြစ်ပါတယ်။ တားမြစ်ချက်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေစပြီး အသက်ဝင်မယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန ကော်မတီ ဥက္ကဌက သတင်းထောက်တွေကို ပြောပါတယ်။

 

 

ဓါတုပိုးသတ်ဆေး ပါရာကွပ် (paraquat) ဟာ ဥရောပနိုင်ငံတွေမှာ အဆိပ်ဖြစ်တဲ့အတွက် သုံးစွဲခွင့်ကို ၂၀၀၇ ခုနှစ်ကတည်း ပိတ်ပင်ထားတာဖြစ်ပါတယ်။

 

 

ခရိုပြူရိုဖေ့စ် (chlorpyrifos) ဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေကြောင်း လေ့လာတွေ့ရှိရချိန်မှာ  ဂလိုက်ဖို့ဆေ့(glyphosate) ကတော့ ကင်ဆာရောဂါကို ဖြစ်စေတယ်လို့ ဝေဖန်မှုတွေက ထွက်ပေါ်လာနေပါတယ်။

 

 

ထိုင်း လယ်သမား အဖွဲ့အစည်းတွေနဲ့ ဓါတုဗေဒစက်ရုံတွေကတော့ Roundup အမှတ်တံဆိပ်ပါ  ဂလိုက်ဖို့ဆေ့ (glyphosate) ကို ဆက်လက်ရောင်းချခွင့်ပေးရေး လုပ်ဆောင်နေကြပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ဂလိုက်ဖို့ဆေ့(glyphosate) ကို စိုက်ပျိုးရေး လုပ်ငန်းတွေ သုံးစွဲတဲ့အတွက် ကင်ဆာရောဂါ ဖြစ်ပွားတယ်လို့ တရားစွဲမှုပေါင်း ၁၃,၀၀၀ ကျော်ရှိနေပြီး ဂလိုက်ဖို့ဆေ့(glyphosate) ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ အမှုပေါင်း ၃၊ ၄ မှု ရှုံးပြီးဖြစ်တဲ့အတွက် အယူခံတင်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

 

ဥရောပနိုင်ငံတွေထဲမှာ သြစတြေးလျနိုင်ငံဟာ ဂလိုက်ဖို့ဆေ့(glyphosate) သုံးစွဲခြင်းကို ပြီးခဲ့တဲ့ ဂျူလိုင်လ ကတည်း ပိတ်ပင်လိုက်တဲ့ ပထမဦးဆုံး ဥရောနိုင်ငံဖြစ်ပြီး ချက်၊ အီတလီနဲ့ နယ်သာလန်နိုင်ငံတွေဟာလည်း အခုဆိုရင် ဂလိုက်ဖို့ဆေ့ (glyphosate) သုံးစွဲမှုကို ပိတ်တားမြစ်ပြီး ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ ၂၀၂၃ ခုမှာ လုံးဝမသုံးဖို့ စီမံကိန်း ရှိနေပါတယ်။

 

 

ဗီယက်နမ်နိုင်ငံက Roundup အမှတ်တံဆိပ် အမှုကိစ္စ အမေရိကန်နိုင်ငံမှာ စတင်ကတည်း ဂလိုက်ဖို့ဆေ့ (glyphosate) ကို ပိတ်ပင်လိုက်ကြောင်းသိရပါတယ်။

 

 

ထိုင်းအစိုးရက အခုလို ဓါတုဗေဒဆေးတွေကို ပိတ်ပင်တဲ့အပေါ် Pesticide Alert Network အဖွဲ့က ကြိုဆိုလိုက်ပေမယ့် အစိုးရအနေနဲ့ တောင်သူလယ်သမားတွေကို စိုက်ပျိုးနည်းတွေ ကူညီဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်ပါတယ်။

 

 

MDN

ကိုးကား-AFP