ဟိုပုံး စက်တင်ဘာ ၁၄
ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသထွက် ထောပတ်သီးများ အရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာဈေးကွက်ဝင် စံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ ထုတ်လုပ်နိုင်ရေးအတွက် ထောပတ်သီးစိုက်ပျိုးရေး နည်းပညာပေးသင်တန်းကို ဒုံလိတန်ကျေးရွာ၌ ဖွင့်လှစ်သည်။
အဆိုပါသင်တန်းကို ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အထူးဒေသ-၆ စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာန(ဗဟို)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ထောပတ်သီးစိုက်ပျိုးတောင်သူများအား GAP စိုက်ပျိုးရေး နည်းစနစ်၊ မြေယာနှင့် စိုက်ခင်းပြင်ဆင်မှု၊ မျိုးကောင်းမျိုးသန့် ရွေးချယ်မှု၊ ရေသွင်းခြင်းနှင့် မြေဩဇာအသုံးပြုမှု၊ ပိုးမွှားနှင့် ရောဂါကာကွယ် နှိမ်နင်းမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းသင်ကြားပေးသည်။
သင်တန်းမှတစ်ဆင့် အရည်အသွေးမြင့် ထောပတ်သီးများ ထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်စံနှုန်းနှင့်ကိုက်ညီသည့် ထုတ်ကုန်များရရှိရေး၊ တရုတ်နိုင်ငံအပါအဝင် ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


