ထားဝယ် ၄ နိုဝင်ဘာ
(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆေးရောင်ခြယ်နှင့်အရုပ်ခေါက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည်။
ပြိုင်ပွဲတွင် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချစ်ချစ်သန်း က “ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝပြီး အနာဂတ်မျိုးဆက်သစ် လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုရရှိလာစေရန်”ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ကျောင်းသား/ ကျောင်းသူများအတွက် ယခုလိုပြိုင်ပွဲများ ဆက်တိုက် လုပ်ဆောင်သွားရန်ရှိကြောင်း ပြောကြားသည်။
ထိုနောက် မြို့တွင်းရပ်အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဆေးရောင်ခြယ်နှင့် အရုပ်ခေါက်ကို ပျှော်ရွှင်စွာဖြင့် ပါ၀င်ယှဉ်ပြိုင်ကြရာ ထားဝယ်ခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြည့်ရှုအားပေးပြီး ဆေးရောင်များညီညာသပ်ရပ်မှုရှိမရှိနှင့် အရုပ်များခေါက်ထားမှု မှန်မမှန်များအားစိစစ် ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ဆေးရောင်ခြယ်နှင့် အရုပ်ခေါက်ပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/ ကျောင်းသူ များအား ဆုများပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်သော ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်နှင့်ခဲတံများ ပေးအပ်ခဲ့ကြောင်း ထားဝယ်ပြန်/ဆက်မှ သိရသည်။
MDN