ထာဝရငြိမ်းချမ်းရေး တည်းဟူသော မြတ်နိဗ္ဗာန်

၁၂  နိုဝင်ဘာ

ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး၊ အမြတ်ဆုံးသောမျှော်မှန်းချက်ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်ဟူသော ဝေါဟာရည် ပါဠိဘာသာ နိဗ္ဗာန်ဟူသောပုဒ်မှဆင်းသက်လာခြင်းဖြစ်သည်။ နိဗ္ဗာန်သည် အမြင့်မြတ်ဆုံး ချမ်းသာဖြစ်သည်။ နိဗ္ဗာန်ဟူသော စကားကို အနက်အဓိပ္ပာယ်ပေါင်းများစွာ ဖွင့်ဆိုထားကြသည်။ နိဗ္ဗာန်ဟူသော ပုဒ်က ငြိမ်းသော်သည်ကို ဆိုလိုခြင်း ကြောင့် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ကိလေသာမီးများကို ငြိမ်းသတ်နိုင်ခြင်း ဟူ၍လည်းကောင်း၊ တဏှာမှလွတ်မြောက်ခြင်း ဟူ၍လည်းကောင်း၊ အသင်္ခတတ်ပြုပြင်စီရင်ခြင်းတို့မှ လွတ်ကင်းရာ ဟူ၍လည်းကောင်း၊ မျက်စိဖြင့်မမြင်နိုင်သော၊ ဖြစ်တည်ပျက် အပိုင်းအခြားမရှိသော၊ ဉာဏ်ဖြင့်သာ သိအပ်သော၊ မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ မရှိသော၊ အကြီးအငယ်၊ အရည်အတို၊ အကောင်းအဆိုး မရှိသော၊ရပ်နှင့် နာမ်တို့ချုပ်ငြိမ်း ရာဖြစ်သော ဟူ၍ဖွင့်ဆိုကြ၏။

တစ်ဖန် နိဗ္ဗာန်သည် မလွန်မီကပင် ခံစားရေဆက်ရှိနိုင်သလို သေလွန်ပြီးနောက်မှလည်း ခံစားရခက် ရှိနိုင်ကြသည်။ သို့ရာတွင် ကောင်းစွာကျင့်ကြံနှလုံးသွင်းခြင်းဟူသော အားထုတ်မှု လိုအပ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်သည် အရှိတရ ဖြစ်ပြီး ဉာဏ်ဖြင့် ဆင်ခြင်၍ မြင်တွေ့နိုင်၊ မျက်မှောက်ပြုနိုင်သည်ဟု နားလည် သဘဝပေါက်ကြသည်။ နိဗ္ဗာန်ချမ်းသာနှင့် စပ်လျဉ်း၍ မိလိန္ ပညာတွင် မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်တို့၏ ကြပုံကို ဇော်ပြထားရာ၌ - ဘန္ဒေ အရှင်ဘုရား - “မရသေးသော နိဗ္ဗာန်ကို ချမ်းသာ၏ဟု သိပါသလော။

အရှင်မင်းကြီး - သိနိုင်ပါသည်။"

“အရှင်ဘုရား - အဘယ်သို့ သိနိုင်ပါသနည်း။"

“အရှင်မင်းကြီး - လက်ခြေပြတ်သူတို့သည် လက်ခြေပြတ်ခြင်း၏ ဆင်းရဲဒုက္ခကို သိနိုင်ပါမည်လော"

အရှင်ဘုရား - သိနိုင်ပါသည်။

“အဘယ်သို့ သိနိုင်သနည်း"

“လက်ခြေပြတ်ကြသောသူတို့ ငိုကြွေးမြည်တမ်း ညည်းညူသောအသံကို ကြားရ၍ သိပါသည်။

အရှင်မင်းကြီး- ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုသောသူတို့ ပြောဆိုသံကိုကြားရ၍ နိဗ္ဗာန်သည်ချမ်းသာ၏ဟု သိသည်။" ဟူ၍ ဖော်ပြထားရာ နိဗ္ဗာန်၏အရှိတရ၊ နိဗ္ဗာန်၏ ကောင်းကျိုး ချမ်းသာတို့ကို သိသာထင်ရှားစေသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့ လက်ရှိဖြစ်တည်နေဆဲတွင် သေပြီးတမလွန် ဘဝတွင်ပါ ဆင်းခြင်းတို့ ချုပ် ငြိမ်းရာ နိဗ္ဗာန်ကိုမျှော်မှန်းလျက် တစ်မဂ်တစ်ဖိုလ်ရရန် ကျင့်ကြံ အားထုတ်ကြကုန်သကဲ့သို့ လက်ရှိဘဝတွင် မိမိကိုယ်တိုင်နှင့်တကွ မိမိတို့လူ့အဖွဲ့ အစည်း၊ လူ့အသိုက်အဝန်းနှင့် မိမိတို့ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်တို့တွင် လောဘ၊ ဒေါသ၊ မောဟ တို့ကင်းလျက် အေးချမ်းသာယာသည့် ထာဝရတည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုအလိုရှိကြကုန်သည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန်အတွက် ကျင့်ကြံကြိုးကုတ်အားထုတ်ကြရသလို ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းအားထုတ်ရန်၊ လိုအပ်သည်များကို ဖြည့်ဆည်းကြရန်နှင့် လိုအပ်သည့်တရားတို့ကို ဖယ်ရှားပစ်ရန်တို့ လိုအပ်မည်ဖြစ်သည်။ လောကီအတွက်ဖြစ်စေ၊ လောကုတ္တရရာအတွက်ဖြစ်စေ ကြိုးပမ်းကြရာတွင် ဆန္ဒ၊ ဝိရိယ၊ စိတ္တ၊ ပညာတည်းဟူသော အဓိပတိလေးပါးဖြင့် ဆောင်ရွက်ကြလျက် ထာဝရငြိမ်းချမ်းရေးတည်းဟူသော မြတ်နိဗ္ဗာန်ကို လျင်မြန်ထုတ် မြောက်ဘက်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း