မြန်မာ့ရိုးရာ လက်ဝှေ့မျိုးဆက်သစ်ပြိုင်ပွဲများ ကျင်းပ
ရန်ကုန် ဇူလိုင် ၂၈ ရက်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး နိုင်လင်းထွန်းစီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့ မျိုးဆက်သစ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဒေါပုံမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ပွဲစဉ် ၁၄ ပွဲ ကျင်းပခဲ့သည်။


