နေးရှင်းလိဂ်ပြိုင်ပွဲတွင် နှစ်ပွဲကစားပြီး နိုင်ပွဲပျောက်ဆုံးနေဆဲဖြစ်သည့် အင်္ဂလန်အသင်း
ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ပြိုင်ပွဲ လိဂ် (အေ) အုပ်စု (၃) မှ နာမည်ကြီး ဂျာမနီအသင်းနှင့် အင်္ဂလန်အသင်းတို့ ပွဲစဉ်ကို ဇွန် ၈ ရက် နံနက်ပိုင်းက ဂျာမနီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှ ခင်မာလာထွန်း ထိုင်းကလပ်တွင် သွားရောက်ကစားနေပြီး ပထမဆုံးပွဲမှာပင် နှစ်ဂိုးသွင်းယူ
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ အသင်းခေါင်းဆောင် ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ်အသင်းတွင် သွားရောက်ကစားနေပြီး ပထမဆုံးပွဲမှာပင် နှစ်ဂိုးသွင်းယူ နိုင်ခဲ့သည်။
ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေ
ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး အမ်ဘတ်ပီနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား ဗီနီစီးယပ်ဂျူနီယာနဲ့ မန်စီးတီး အသင်း တိုက်စစ်မှူး ဟာလန်းတို့ဟာလည်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံး ကစားသမားသုံးဦးစာရင်းမှာ ပါဝင်နေတယ်လို့ CIEF ဘောလုံးဆိုင်ရာလေ့လာရေးသုတေသနအဖွဲ့က ပြောကြားခဲ့ပါတယ်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအုပ်စု ပထမနေ့ မြန်မာနှင့် တာဂျစ်ကစ္စတန် ယနေ့ ကစားမည်
အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု ပထမနေ့ကို ဇွန် ၈ ရက် (ယနေ့)စတင်မည်ဖြစ်ပြီး စုစုပေါင်း ၁၂ ပွဲ ကျင်းပမည်ဖြစ်သည်။ မြန်မာ အသင်းသည် တာဂျစ်ကစ္စတန် အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလား (၁၄)ကြိမ်မြောက် ဆွတ်ခူး
​​​​​​​စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်နဲ့ နော်ဝေတင်းနစ် ကစားသမား ကက်စပါရုဒ်တို့ ဇွန် ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ ရာဖေးလ်နာဒယ်က ကက်စပါရုဒ်ကို အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ် ဆုဖလားကို (၁၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နေးရှင်းလိဂ်အဖွင့်ပွဲစဉ်တွင် နာမည်ကြီး ဂျာမနီအသင်း သရေကျပြီး အင်္ဂလန်အသင်း ရှုံးနိမ့်
ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် လိဂ်(အေ) အုပ်စု ၃ မှ နာမည်ကြီး အီတလီအသင်း နှင့် ဂျာမနီ အသင်းတို့ပွဲစဉ်ကို ဇွန် ၅ ရက် နံနက်ပိုင်း က အီတလီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အီတလီအသင်းသည် ယခုပွဲစဉ် မတိုင်မီ Finalissima ဗိုလ်လုပွဲတွင်အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး သုံးဂိုးပြတ်ရှုံးနိမ့်ထားသည်။ ယခုပွဲစဉ်တွင် အီတလီအသင်းသည် အာဂျင်တီးနားအသင်းနှင့် ပွဲစဉ်ကထက် ကစားအားတက်လာခဲ့ပေမယ့် ဂျာမနီအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။