ကျောက်တံခါးမြို့၌ ၂၂ ဘီးတွဲယာဉ် ပေါ်မှ မှန်ချပ်များ လမ်းမပေါ်သို့ ပြိုကျ
ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀ဝ/ဝအနီး ကျောက်တံခါးမြို့တွင်း စာတိုက်ရပ်ကွက် လမ်းဦးစီးဌာနရုံးရှေ့တွင် ဇန်နဝါရီ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ၂၂ ဘီးတွဲယာဉ်ပေါ်မှ မှန်ချပ်များ လမ်းမပေါ်သို့ပြိုကျကာ မှန်ချပ်များ ကွဲကြေပျက်စီးခဲ့ကြောင်း သိရသည်။


