ပြည်ကြီးတံခွန်မြို့နယ်တွင် ချည်မျှင်စက်ရုံ မီးလောင်မှုဖြစ်ပွား
မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊(ဈ)ရပ်ကွက်၊ ၆၉ လမ်းနှင့် လမ်း ၇၀ ကြား၊ ဧဝရတ်လမ်းရှိ မန္တလေးချည်မျှင် စက်ရုံ(၁)တွင် မတ် ၃၀ ရက် ည ၈ နာရီ ၁၈ မိနစ်က ချည်မျှင်စက်ရုံမျက်နှာကျက်တွင် သွယ်တန်းထားရှိသော ဝါယာကြိုးအပူလွန်ကဲရာမှ မျက်နှာကျက်သစ်သားတန်းသို့ စတင်ကူးစက်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


