ရွှေဘိုမြို့တွင် ညမထွက်ရအမိန့် မလိုက်နာသူ (၈)ဦးကို အလုပ်နှင့်ထောင်ဒဏ် သုံးလစီချမှတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် စက်တင်ဘာ ၂၂ ရက်က ညမထွက်ရအမိန့် မလိုက်နာသူ (၈)ဦးကို ရွှေဘိုမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် သုံးလစီချမှတ်ခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦးထံမှ သိရသည်။


