မက္ကဆီကိုနိုင်ငံ သမ္မတ ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ကူးစက်ခံရ

မက္ကဆီကိုနိုင်ငံသမ္မတ အန်ဒရတ်မန်နျူရယ်လိုပက်ဇ်အိုဘာဒါက   ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ကူးစက်ခံရ ကြောင်း ယမန်နေ့က ပြောကြားသည်။
စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၇၅၀ ထပ်မံတွေ့ရှိ
စင်ကာပူနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၇၅၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၂၈၆၃၉၇ ဦးအထိ ရှိလာသည်။
မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှု လုံခြုံရေးကောင်စီ ဆွေးနွေး
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် ဇန်နဝါရီ ၅ ရက်က မြောက်ကိုရီးယားနိုင်ငံကပစ်လွှတ်ခဲ့သည် ဒုံးကျည်အရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
နယူးယောက်မြို့ရှိ လူနေတိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား လူ ၁၉ ဦးထက်မနည်းသေဆုံး
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ အထပ်မြင့်လူနေတိုက်ခန်းတစ်ခုတွင် ဇန်နဝါရီ ၉ ရက်က မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် ကလေးကိုးဦးအပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်ခ်အာဒမ်က ယနေ့အတည်ပြု ပြောကြားသည်။ ။
ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၂ သန်းကျော် ရှိပြီဖြစ်
ဘရာဇီးနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၃၈၂ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၂၅၂၃၉၀၇ ဦးရှိလာကြောင်း .............
အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးငါးမျိုးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံရန် အတည်ပြု
အင်ဒိုနီးရှားအာဏာပိုင်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးငါးမျိုးကို တတိယအကြိမ် အပိုဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအဖြစ် အရေးပေါ်အသုံးပြုရန် ယနေ့ခွင့်ပြုလိုက်သည်။
တောင်ကိုရီးယားတွင် နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၄ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးဖြစ်
တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၉ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၃၀၀၇ ဦးတိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၆၇၃၉၀ အထိ ရှိလာခဲ့သည်။