တရုတ်နိုင်ငံ၌ သံမဏိစက်ရုံ ပေါက်ကွဲမှုဖြစ် သေဆုံးသူ ၆ ဦးအထိ ရှိလာ
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်ဇီပြည်နယ် နန်ချောင်မြို့ရှိ သံမဏိစက်ရုံတစ်ခုတွင် ဂတ်စ်ပိုက်လိုင်းပေါက်ပြီး စက်ရုံပေါက်ကွဲမှုဖြစ်ပွားရာ သေဆုံးသူဦးရေမှာ ၆ ဦးအထိ မြင့်တက်လာကြောင်း ဒေသန္တရ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။


