ပါကစ္စတန် ပန်ဂျပ်ပြည်နယ်တွင် ဘတ်စ်ကားချောက်ထဲထိုးကျ ၁၃ ဦးသေဆုံး ၊ ၃၀ ဦး ဒဏ်ရာရ
ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Attock ခရိုင်တွင် ယနေ့မနက်စောပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျခဲ့သဖြင့် ၁၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၀ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။


