ဘရာဇီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၁၃ ဦးထက်မနည်း သေဆုံး
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ပန်နာဘူဂိုပြည်နယ် ရီစီးဖီးဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ၁၃ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရာ အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။


