အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် အမျိုးသမီးဝတ်စုံ ဝတ်ဆင် ရုပ်ဖျက်ထားသော အိုင်အက်စ် စစ်သွေးကြွများအား ဖမ်းဆီးရမိ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေရေး လုပ်ဆောင်နေစဉ် အမျိုးသမီးဝတ်စုံ ဝတ်ဆင်ကာ ရုပ်ဖျက်ထားသော အိုင်အက်စ် စစ်သွေးကြွ လေးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်အစိုးရက ယနေ့ပြောကြားခဲ့သည်။


