ဆလိုဗက်ကီးယား စာသင်ကျောင်း ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
ဆလိုဗက်ကီးယားနိုင်ငံ မြောက်ပိုင်း Vrutky မြို့ စာသင်ကျောင်းတွင် ယမန်နေ့က ဓားကိုင်လူတစ်ဦးက တိုက်ခိုက်မှုဖြစ်ပွားရာ လက်ထောက်ကျောင်းအုပ်နှင့် ယင်းဓားကိုင်လူတို့ သေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရ မီဒီယာက ဖော်ပြထားသည်။


