ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တောင်ကြီးမြို့ပေါ်ရှိ မသန်စွမ်းသင်တန်းကျောင်း၊ ဘိုးဘွားရိပ်သာ၊ သံဃာ့ဆေးရုံ၊ ပရဟိတကျောင်း အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် သီလရှင်စာသင်တိုက်များသို့ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေ၊ ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုခမ်း၊ ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်း၊ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အရာထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဝင်များ၊
သတင်းစာရှင်းလင်းပွဲ ကျင်းပမည်

နေပြည်တော် ၂၀ ဇွန်

 

ရခိုင်ပြည်နယ်ရှိ IDP စခန်းများ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ဂုဏ်ဆောင်ကာ ဒေသတွင်းနိုင်ငံများမှ လေကြောင်းလိုင်းများနှင့်အပြိုင် ပျံသန်းပြေးဆွဲမည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သို့ Airbus လေယာဉ်အသစ်တစ်စီး ထပ်မံရောက်ရှိ
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က Fleet Extension အစီအစဉ်အရ မှာယူထားသည့် Airbus A319-112, MSN2446, XY-ALN လေယာဉ်အသစ်သည် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား ၆၅၂ ဦးအား လူမှုရေးထောက်ပံ့ကြေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေးထောက်ပံ့ကြေးနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေများကို သုံးခွမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွား ၆၅၂ ဦးတို့ထံ
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ရတနာကုန်သည်များ မှတ်ပုံတင်စာရင်းသွင်းလက်ခံမည့် အဆောက်အဦနှင့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေး 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမအနီး ကျောက်စိမ်းဥယျာဉ်ဘေးရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲများသို့ လာရောက်မည့် ရတနာကုန်သည်များနှင့် ဧည့်သည်တော်များကို မှတ်ပုံတင်စာရင်းသွင်း လက်ခံမည့် အဆောက်အဦနှင့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဆောက်အဦ တာဝန်ယူတည်ဆောက်သည့် အင်ဂျင်နီယာတို့မှ အဆောက်အဦပြီးစီးမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ 
ကျေးရွာကိုယ်ထူကိုယ်ထစနစ်ဖြင့် ကမမောင်း-ဝါးဘိုးတော ကားလမ်းပေါ်ရှိ ကျေးရွာ(၇)ရွာတွင် ၂၄ နာရီ လျှပ်စစ်မီးရရှိ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ကို သံလွင်မြစ်တစ်ဖက်ကမ်းရှိ လှိုင်းဘွဲမြို့နယ်၊ ကမ်းနီကျေးရွာမှ ၃၃ ကေဗွီ ဓာတ်အားလိုင်း (၁၆)မိုင် သွယ်တန်းကာ ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ၂၄ နာရီ လျှပ်စစ်မီးရရှိစေရေးအတွက် ပြည်နယ်အစိုးရ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ဓာတ်အားခွဲရုံကို ဖွင့်လှစ်ပေးခဲ့သည်။