နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၂ မိုင် ၄ ဖာလုံ အနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။