ဆေးတက္ကသိုလ်(၂)ရန်ကုန်မိသားစုမှ အထူးကုဆရာဝန်ကြီးများကအိမ်မဲမြို့တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးမည်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့အထက်ပိုင်း ရပ်ကွက်(၁၄)လမ်းထိပ်ရှိ အမှတ်(၂၉) မိုးကုတ်ဝိပဿနာ ဓမ္မာရိပ်သာ၌ ဆေးတက္ကသိုလ်(၂)ရန်ကုန် မိသားစုမှ အထူးကုဆရာဝန်ကြီးများက အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဖေဖော်ဝါရီလ၂၃ ရက်နေ့တွင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


