ဆောမြို့နယ်တွင် ဥ(ပ်)ပူးချင်းတိုင်းရင်းသားစာပေ သင်တန်းဖွင့်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်တွင် ဥ(ပ်)ပူးချင်းတိုင်းရင်းသားစာပေ GRADE-1,2 သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ဆောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန တွင်ပြုလုပ်သည်။
လယ်ဝေးမြို့နယ်တွင် အရှည်ပေ ၅၀ရှိ ချောင်းကူးကြိုးတံတားသစ် ဖွင့်လှစ်
နေပြည်တော် လယ်ဝေးမြို့နယ် အင်ပင်ကျေးရွာအုပ်စု၊ ညောင်ပင်အိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ........
အသည်းအစားထိုးကုသမှုခံယူခဲ့ရရသည့် အာမခံအလုပ်သမားအတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေများထုတ်ပေး
ဧရာဝတီတိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျိုးခံစားခွင့်များအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ ထုတ်ပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ဟင်္သာတခရိုင် မြန်အောင်ရေနံမြေ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဘေးအန္တရာယ်ဖြစ်စေမည့်စားသောက်ကုန်ပစ္စည်းများရောင်းချမှုနှင့်မုန့်တိုက်များအားလုပ်ငန်းမှတ်ပုံတင်ပြုလုပ်မှု ရှိ/မရှိ လိုက်လံစစ်ဆေး
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် မကွေး တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက မြို့ပေါ်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များနှင့် မုန့်လုပ်ငန်းတိုက်များအား ဘေးအန္တရာယ်ဖြစ်စေမည့် စားသောက်ကုန်ပစ္စည်းများရောင်းချမှုနှင့် မုန့်တိုက်များအား လုပ်ငန်းမှတ်ပုံတင်ပြုလုပ်မှုရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့သည်။
ဝေါလေမြိုင်မြို့တွင်  စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း ဖွဲ့စည်း
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ပြည်သူ့စာကြည့်တိုက်သို့ စာငှား၊ စာဖတ် ပုံမှန် လာရောက်ကြသူများနှင့် စာဖတ်ဝါသနာပါသူတို့ ပူးပေါင်းပြီး  -----
မန္တလေးတိုင်းဒေသကြီးတွင် နွေကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် ဆောင်ရွက်နေ
မန္တလေးတိုင်းဒေသကြီးတွင် နွေကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ----
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်စစ်ဆေးဆောင်ရွက်ပေး
၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ပလောက်မြို့ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုကြမည့် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်း၍ မီးလောင်မှု၊ မီးထိတ်လန့်မှုမရှိစေ ရေးအတွက် ယနေ့ ကြိုတင်စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။