မူဆယ်မြို့၌ မင်္ဂလာမူဆယ် နှစ်လည်မဂ္ဂဇင်း အမှတ်(၃) ထုတ်ဝေအောင်မြင်ခြင်း အထိမ်းအမှတ် စာရေးဆရာများအားဂုဏ်ပြု
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့၌ မင်္ဂလာမူဆယ် နှစ်လည်မဂ္ဂဇင်း အမှတ်(၃) ထုတ်ဝေအောင်မြင်ခြင်း အထိမ်းအမှတ်ဖြင့် မူဆယ်မြို့နယ်အတွင်းရှိ စာရေးဆရာများအား ဂုဏ်ပြုပွဲကို မတ် ၃ ရက် နံနက် ၁၀ နာရီက မူဆယ်နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။


