ဝါးဥစိုက်တောင်သူများအား တောင်သူလယ်သမားသမဂ္ဂမှ ချေးငွေများ အတိုးမရှိ ထုတ်ချေးပေးသွားမည်
ချင်းပြည်နယ် တောင်သူလယ်သမားသမဂ္ဂက ဖလမ်းမြို့နယ် အတွင်းရှိ ဝါးဥစိုက်တောင်သူများအား ချေးငွေများ အတိုးမရှိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မတ် ၉ ရက်က ဗဟိုတောင်သူ လယ်သမားသမဂ္ဂနှင့် ဖလမ်းမြို့နယ် တောင်သူလယ်သမားသမဂ္ဂတို့ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။


