မော်ကွန်းဝင်နှင့် စွန့်လွှတ်စစ်သည်များအား ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနား ပဲခူးမြို့တွင်ကျင်းပ
(၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မတ် ၂၄ ရက် နံနက် ၁၀ နာရီက ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမတွင် သက်ကြီးစစ်မှုထမ်းဟောင်းများ၊ မော်ကွန်းဝင်နှင့် စွန့်လွှတ်စစ်သည်များအား ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနား ကျင်းပသည်။


