ရမည်းသင်းမြို့နယ်သမဝါယမအသင်းစု၏တာဝန်ရှိသူတချို့ ရရှိလာသောချေးငွေများကို အလွဲသုံးစားလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိ
ရမည်းသင်းမြို့နယ် သမဝါယမအသင်းစု၏ အလုပ်အမှုဆောင်များနှင့် မြို့နယ် သမဝါယမ ဦးစီးအရာရှိတို့သည် ရရှိလာသောချေးငွေများကို အခြေခံ သမဝါယမ အသင်းများသို့ ထပ်မံထုတ်ချေးခြင်းမရှိပဲ အလွဲသုံးစားပြုလုပ်ထားခဲ့ကြောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးစာရင်း စစ်ဆေးတွေ့ရှိချက်ကို အစီရင်ခံစာတွင် ဖော်ပြထားသည်။


