မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဖွင့်
ဂန့်ဂေါမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူး၍ မွေးမြူရေးဆိုင်ရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု သင်တန်းဖွင့်ပွဲကို မတ် ၂၆ ရက် နံနက်က ဂန့်ဂေါခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အမှာစကား ပြောကြားသည်။


