သထုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြော

သထုံ    စက်တင်ဘာ    ၁၃

 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်က နောင်ကုလားရှမ်းရွာ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးဟောပြော

 

ဟောပြောပွဲတွင် ခရိုင်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စစ်ဆေးရေးမှူး(၃)က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သိကောင်းစရာများကို ဆွေးနွေးဟောပြောပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက လူငယ်များ ဘက်စုံ ဖွံ့ဖြိုးရေးဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှူးက စားသုံးသူ အခွင့်အရေး(၈)ချက်နှင့် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်း‌ကောင်း ဆွေးနွေး ဟောပြောကြရာ ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)