သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

သထုံ    စက်တင်ဘာ     ၂၁

မွန်ပြည်နယ် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက သထုံမြို့  ခရိုင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး အားကစားအသင်းအဖွဲ့များက ဧည့်သည်တော်များအား ချီတက်ဂါရဝပြုကြကာ အဖွင့်ပွဲစဉ်ယှဉ်ပြိုင်ကြမည့် ကတိုက်က‌လေးကျေးရွာ ကိုယ်စားပြုအသင်းနှင့် နောင်ကုလားကျေးရွာကိုယ်စားပြုအသင်းတို့ ကွင်းအတွင်းဝင်ရောက်နေရာယူပြီး စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး သထုံမြို့နယ်မှ အသင်း ၁၄ သင်းနှင့် ပေါင်မြို့နယ်မှ ခုနစ်သင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)