သန်လျင်မြို့၌ ပရိယတ္တိတံခွန်စာမေးပွဲ ငွေပဒေသာပင် ပေးအပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၃

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မဟာခေမိကာရာမရွှေကျင် စာသင်တိုက်ကြီးတွင် ပရိယတ္တိတံခွန်စာပေးပွဲ အကျိုးဆောင်အဖွဲ့၏ ပရိယတ္တိတံခွန်စာမေးပွဲ ငွေပဒေသာပင် ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၁ ရက်က ကျင်းပသည်။

 

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အ၊ ပထမကျော်၊ သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ဆရာတော်ကြီးနှင့် ပင့်သံဃာတော် ဆရာတော်ကြီးများအား ပရိယတ္တိတံခွန်စာမေးပွဲ အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ပရိယတ္တိတံခွန်စာမေးပွဲအတွက် အလှူရှင်များက ငွေပဒေသာပင် အလှူငွေများအား ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် အလှူငွေစုစုပေါင်း ၂၉၇ သိန်း ရရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)